ပညာဒါန Computer Basic Course တက်လို့ရပြီနော်။

🌱 လုပ်ငန်းခွင်ဝင်ဖို့အတွက် ကွန်ပျူတာ မကိုင်တတ်လို့အခက်အခဲတွေဖြစ်နေမယ်။ ကွန်ပျူတာကို အခြေခံကနေစပြီးတောါသေချာလေ့လာချင်တဲ့သူတွေအတွက် ကျနော်တို့အနေနဲ့ ဒီ အခြေခံ ကွန်ပျူတာ Course လေးကို 100% ပညာဒါနပေးသွားမှာဖြစ်ပါတယ်။

 

🌱 ဒီသင်တန်းလေး မှာဆိုရင် ကွန်ပျူတာမရှိသေးတဲ့သူတွေအနေနဲ့ Computer ဝယ်နည်းကနေစပြီးတော့ Computer ကိုအခုမှစသုံးမယ့်သူတွေအတွက် Window သုံးနည်း၊ File နဲ့ Folder တွေအကြောင်း၊ Software Install, Uninstall လုပ်နည်းတွေအပြင် စာစီစာရိုက်လေ့ကျင့်နည်း၊ Microsoft Word သုံးနည်းတို့နဲ့ သင်ခန်းစာစုစုပေါင်း ၁၂ ခန်းပါဝင်ပါတယ်။

 

🌱 ကွန်ပျူတာမရှိသေးတဲ့သူတွေအတွက်လည်း Mobile Phone နဲ့စာရိုက်လေ့ကျင့်နည်းကိုပါထည့်ပေးထားပါသေးတယ်နော်။

 

🌱 ၂၀၂၁ လို IT ခေတ်ကြီးထဲမှာ ကွန်ပြူတာကို အခြေခံလောက်တော့ ဘယ်သူမဆိုသုံးတတ်သင့်ပါတယ်။

 

🌱 အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ မြန်မာနိုင်ငံကလူငယ်တွေအနေနဲ့ ဘယ် Field ထဲမှာပဲနေနေ ကွန်ပြူတာကို အခြေခံသုံးတတ်အောင်အတွက် ဒီ Course လေးကို 100% Free ပညာဒါနပေးသွားမှာဖြစ်ပါတယ်။

ကျနော့်နာမည်ကတော့ အောင်ဟိန်းထက်ပါ။ ကျနော် အနေနဲ့ YUFL ကနေပြီးတော့ German ဘာသာနဲ့ ဘွဲရခဲ့ပြီး UK တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Greenwich ကပေးတဲ့ Business Information Technology ဘွဲ့ကို First Class Honors နဲ့အောင်ခဲ့ပါတယ်။ ကျနော့်အနေနဲ့ နည်းပညာလောကထဲမှာလေ့လာရင်းနဲ့ ကျင်လည်နေတာ ၃ နှစ်ကျော်ခဲ့ပြီး အခုထိလည်း ဆက်လေ့လာဆဲပါပဲ။

ဒီ Layline Sayar Website လေးမှာဆိုရင် ကျနော်သိသလောက် မှတ်သလောက် ပညာတွေကို Course အနေနဲ့ ပြန်ပြီးတော့ သင်ကြားသွားပေးမှာပါ။ ကျနော်ခံယူချက်တစ်ခုကတော့ ဆရာဆိုတာ နည်းပြတစ်ယောက်ပါပဲ။

ရေကူး Champion တစ်ယောက်ဖြစ်ချင်ရင် နည်းပြက ရေကူးနည်းကိုပဲ ပြလို့ရတာပါ။ ရေကူးတတ်ပြီး Champion အဆင့်ထိ ကျွမ်းကျင်သွားအောင် ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရပါဦးမှာပါ။ ပညာရပ်တစ်ခုကို ဒီထက် ထဲထဲဝင်ဝင် သိကျွမ်းဖို့ဆိုရင်တော့ ကိုယ့်ဘာသာကိုယ်ဆက်ပြီးတော့လေ့လာနေရဆဲဖြစ်မှာပါ။

နားမလည်သည်များကို မေးရန်

Your email address will not be published.