ကျွန်တော်တို့ ရည်မှန်းချက်
"ပညာရေးကို ရင်းနှီးမြှပ်နှံတာက ဘဝအတွက် အရင်းအနှီးတစ်ခုပါပဲ"
လေလိုင်းဆရာ
လေလိုင်းဆရာ ဘာကြောင့်ဖြစ်ပေါ်လာရသလဲ။
လေ့လာသူများ အနေနဲ့ နေရာမရွေး အချိန်မရွေး လေ့လာနိုင်သဖြင့် အချိန်ကုန် လူပင်ပန်း မဖြစ်တော့ပဲ သက်တောင့်သက်သာ သင်ယူလေ့လာနိုင်ရန်အတွက် ကျွန်နော်တို့ လေလိုင်းဆရာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
လေ့လာသူအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးရမလဲ။
လေ့လာသူများအနေနဲ့ သင်တန်းပြီးဆုံးပါက လေလိုင်းဆရာ အသိအမှတ်ပြု Certificate ရမှာဖြစ်တဲ့အပြင် မိမိသင်ကြားထားသော အကြောင်းအရာများကိုလည်း ပြန်လည်လေ့လာနိုင်မှာဖြစ်ပါတယ်။ လေ့လာနေချိန်ကာလအတွင်း မိမိတို့ မသိနားမလည်သည့်အကြောင်း အရာများကို သက်ဆိုင်ရာ သင်တန်းဆရာများကို တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။
လေလိုင်းဆရာကနေ ဘယ်လိုလေ့လာရမလဲ။
လေ့လာသူများအနေနဲ့ မိမိလေ့လာချင်သော သင်ခန်းစာများကို အချိန်မရွေး မိမိစိတ်ကြိုက် ပြန်လည်လေ့လာနိုင်မယ့်အပြင် မိမိတို့အနေနဲ့ Basic Level ကနေ Advanced Level ထိ ဘာသာရပ်များကိုသင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။
လေလိုင်းဆရာရဲ့ ပန်းတိုင်က ဘာတွေလဲ။
ကျွန်နော်တို့ လေလိုင်းဆရာရဲ့ အနာဂတ်ပန်းတိုင်ကတော့ မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအနေနဲ့ ပိုမိုကောင်းမွန်သော ပညာရေးစနစ်တစ်ခုကို ပိုင်ဆိုင်နိုင်မည့်အပြင် လူငယ်လူရွယ်များ အနေဖြင့် အနာဂတ်တွင် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။