လေလိုင်းဆရာ Website မှာဆရာအဖြစ်သင်လို့ရပြီနော်…

Content Cover

ကျနော်တို့လေလိုင်းဆရာရယ့် ပထမရည်ရွယ်ချက်ကတော့ လူတိုင်းလာပြီးတော့ ဆရာအဖြစ်သင်နိုင်မယ့် E-learning Platform အဖြစ်လုပ်ဖို့စိတ်ကူးခဲ့တာပါ။ ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့် Website မှာထည့်လို့ရနေပေမယ့် လုပ်ခွင့်မပေးသေးဘဲနဲ့အခုအခါမှာတော့ ဆရာအဖြစ်သင်ချင်တဲ့သူတွေအတွက်သတင်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ လေလိုင်းဆရာ website ကနေပြီးတော့ ဘာကြောင့်အဆရာအကောင့်ဖွင့်သင့်လဲ –


🧡 အခုခေတ် Myanmar E-learning တွေမှာခေတ်စားနေတဲ့ Zoom တို့ Facebook Group တို့မှာ ဆိုရင် သင်ခန်းစာတစ်ခုကို ထပ်တလဲလဲ သင်ကြားနေရပြီး မကြာခဏ Upload လုပ်နေရတာကြောင့် ဆရာများအနေဖြင့် အချိန်ကုန် လူပင်ပန်း ဖြစ်နေရပါတယ်။


🧡 ဒါပေမယ့် ကျနော်တို့ laylinesayar.com မှာတော့ Course တစ်ခုဖန်တီးပြီးပါက နောက်တစ်ကြိမ်ဖန်တီးစရာလိုတော့မှမဟုတ်ဘဲ လေ့လာသူများအနေနဲ့လည်း အချိန်မရွေး ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။


🧡 ဆရာတွေအနေနဲ့ အချိန်ပိုထွက်လာနိုင်တာကြောင့် နောက်ပိုင်းမှာ One by One တွေသင်ပြီးတော့ တခြားအလုပ်တွေကို အေးဆေးလုပ်နိုင်မှာပါ။


🧡 ထို့အပြင် ကျောင်းသားတွေ မသိနားမလည်သည့် အကြောင်းအရာများကိုလည်း လေလိုင်းဆရာရဲ့ သက်ဆိုင်ရာ course တွေများရဲ့ comment တွေမှာ ဝင်ရောက်ရှင်းပြနိုင်မှာဖြစ်ပါတယ်။


🧡 မိမိတို့ရယ့် ကျောင်းသားတွေအနေနဲ့ လည်း မိမိတို့ course များကို တစ်နေရာတည်းမှာပဲ အစီအစဥ်တကျလေ့လာနိုင်မှာပါ။


🧡 သင်ကြားတဲ့အခါမှာလည်း True/ False, Multiple Choice, Single Choice, Fill in the Blank စသဖြင့် mini assignment လေးတွေထည့်ပေးလို့ရတာကြောင့် တခြား Google Form ကနေတစ်ဆင့်သွားစရာမလိုဘဲ တစ်နေရာတည်းကနေ အလွယ်တကူထည့်နိုင်သလို သင်ကြားတဲ့သူတွေအတွက်လည်းပိုပြီးတော့ ထိရောက်နိုင်မှာဖြစ်ပါတယ်။


🧡 certificate မှာကိုလည်း တစ်ခုချည်းဆီကို QR code ပါအပြီးထွက်တာကြောင့် အတုလုပ်လို့မရတော့ဘဲနဲ့ ကိုယ့် Certificate ကလည်းပိုပြီးတော့ authentic ဖြစ်လို Course တိုင်းအတွက်လည်း တစ်ယောက်တချည်းဆီ Manual လုပ်စရာမလိုတော့ပါဘူး။​

ဆရာလုပ်ချင်သူတွေအတွက် Video Edit အခက်အခဲ၊ Website ပေါ် သင်တန်းတွေတင်ရတဲ့ အခက်အခဲရှိမယ်ဆိုရင်လည်း ကျနော်တို့ရယ့် Page Message ကိုဆက်သွယ်ပေးလို့ရပါတယ်။ ကျနော်တို့အနေနဲ့ အခမဲ့ လုပ်ဆောင်ပေးနေပါတယ်ခင်ဗျ။ 

ဆရာလုပ်ချင်သူများအတွက် Video များ

ကျနော့်နာမည်ကတော့ အောင်ဟိန်းထက်ပါ။ ကျနော် အနေနဲ့ YUFL ကနေပြီးတော့ German ဘာသာနဲ့ ဘွဲရခဲ့ပြီး UK တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Greenwich ကပေးတဲ့ Business Information Technology ဘွဲ့ကို First Class Honors နဲ့အောင်ခဲ့ပါတယ်။ ကျနော့်အနေနဲ့ နည်းပညာလောကထဲမှာလေ့လာရင်းနဲ့ ကျင်လည်နေတာ ၃ နှစ်ကျော်ခဲ့ပြီး အခုထိလည်း ဆက်လေ့လာဆဲပါပဲ။

ဒီ Layline Sayar Website လေးမှာဆိုရင် ကျနော်သိသလောက် မှတ်သလောက် ပညာတွေကို Course အနေနဲ့ ပြန်ပြီးတော့ သင်ကြားသွားပေးမှာပါ။ ကျနော်ခံယူချက်တစ်ခုကတော့ ဆရာဆိုတာ နည်းပြတစ်ယောက်ပါပဲ။

ရေကူး Champion တစ်ယောက်ဖြစ်ချင်ရင် နည်းပြက ရေကူးနည်းကိုပဲ ပြလို့ရတာပါ။ ရေကူးတတ်ပြီး Champion အဆင့်ထိ ကျွမ်းကျင်သွားအောင် ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရပါဦးမှာပါ။ ပညာရပ်တစ်ခုကို ဒီထက် ထဲထဲဝင်ဝင် သိကျွမ်းဖို့ဆိုရင်တော့ ကိုယ့်ဘာသာကိုယ်ဆက်ပြီးတော့လေ့လာနေရဆဲဖြစ်မှာပါ။

နားမလည်သည်များကို မေးရန်

Your email address will not be published.