ဆရာအဖြစ်သင်မယ်

"လေလိုင်းဆရာ" ပေါ်တွင်သင်ကြားခြင်းဖြင့် ရရှိနိုင်သည့် အကျိူးကျေးဇူးများ

  • ကျွန်နော်တို့ လေလိုင်းဆရာမှ ဆရာအဖြစ်သင်ကြားပါက အချိန်ကုန် လူပင်ပန်း မဖြစ်တော့ပဲ ဆရာများအနေနဲ့ အချိန်ပိုထွက်လာနိုင်မှာဖြစ်ပါတယ်။
  • Course တစ်ခုဖန်တီးပြီးပါက နောက်တစ်ကြိမ်ဖန်တီးစရာလိုတော့မှမဟုတ်ဘဲ လေ့လာသူများအနေနဲ့လည်း အချိန်မရွေး ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
  • အခုခေတ် Myanmar E-learning တွေမှာခေတ်စားနေတဲ့ Zoom တို့ Facebook Group တို့မှာ ဆိုရင် သင်ခန်းစာတစ်ခုကို ထပ်တလဲလဲ သင်ကြားနေရပြီး မကြာခဏ Upload လုပ်နေရတာကြောင့် ဆရာများအနေဖြင့် အချိန်ကုန် လူပင်ပန်း ဖြစ်နေရပါတယ်။
  • ဒါပေမယ့် ကျွန်နော်တို့ လေ့လိုင်းဆရာမှာ ဆရာအဖြစ်သင်ကြားမယ်ဆိုပါက ထိုကဲ့သို့ ပြဿနာမျိုးမဖြစ်တော့ဘဲ မိမိတို့အနေနဲ့ Course တစ်ခုအတွက် တစ်ကြိမ်သာလုပ်ရတော့မှာဖြစ်ပါတယ်။
  • ထို့အပြင် ကျောင်းသားတွေ မသိနားမလည်သည့် အကြောင်းအရာများကိုလည်း လေလိုင်းဆရာရဲ့ သက်ဆိုင်ရာ course တွေများရဲ့ comment တွေမှာ ဝင်ရောက်ရှင်းပြနိုင်မှာဖြစ်ပါတယ်။
  • မိမိတို့ရယ့် ကျောင်းသားတွေအနေနဲ့ လည်း မိမိတို့ course များကို တစ်နေရာတည်းမှာပဲ အစီအစဥ်တကျလေ့လာနိုင်မယ် စတဲ့ အကျိူးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

ဆရာအဖြစ်သင်ဖို့ ဘာတွေလိုမလဲ

Please login to send your request!
ဆရာ အဖြစ်သင်ကြားမည်ဆိုပါက လေလိုင်းဆရာရဲ့ ပုံမှန်အကောင့်တစ်ခု အရင်ဆုံးဖွင့်ပေးရပါမယ်။ အကောင့်ဖွင့်ပြီးသွားပါက ဘယ်ဘက်ခြမ်းရှိ ဆရာအကောင့်လုပ်မယ်ဆိုသည့် ဖောင်ကို ဖြည့်စွက်ပေးရပါမယ်။ ဖြည့်စွက်ပြီးပါက ကျွန်တော်တို့ဘက်မှ ၂၄ နာရီအတွင်း approve လုပ်ပေးပြီး ပြန်လည်ဆက်သွယ်ပေးပါမယ်။

ဆရာအကောင့်ဖွင့်နည်း အသေးစိတ်ကိုတော့ ဒီအောက်က Link လေးနေတစ်ဆင့်လေ့လာလို့ရပါတယ်။

အသေးစိပ်လေ့လာရန်
လေလိုင်းဆရာတွင် ဆရာတစ်ယောက်အဖြစ်သင်ဖို့အတွက် ဆရာအကောင့်ဖန်တီးပြီး ၆လ အတွင်း course မတင်သေးပါက ပထမအကြိမ် Warning ပေးပါမည်။ ၁ နှစ်အတွင်း မတင်သေးပါက ပုံမှန်အကောင့်အဖြစ်ပြန်ပြောင်းသွားမှာဖြစ်ပါတယ်။

ကျောင်းသားများမသိနားမလည်သည့်အကြောင်းအရာများကိုမေးမြန်းလိုပါက ဆရာတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ​ဖြေကြားပေးဖို့လိုပါတယ်။

လေလိုင်းဆရာအနေနဲ့ website ပေါ်မှာတင်ခအနေနဲ့ commission 10% ကောက်ခံမှာဖြစ်ပါတယ်။

မိမိသင်ကြားထားသော သင်တန်းဖျက်သိမ်းလိုပါက ကျွန်တော် "လေလိုင်းဆရာ"ကို ၁ လကြိုတင်အသိပေးပါရန်လိုအပ်ပါတယ်။

အကူညီလိုအပ်ပါက “လေလိုင်းဆရာ” Messenger သို့မဟုတ် 09973542275 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။