English စာလို့ပြောလိုက်တယ်ဆိုရင် တော်တော်များများ တတ်ချင်ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်လေးကတည်းက English စာနဲ့ပတ်သတ်ပြီးတော့ တတ်ချင်ခဲ့တာပါ။ အမြဲတမ်း ကျနော့်အနေနဲ့ English စာကိုဘယ်လိုကောင်းအောင်လုပ်မလဲစဥ်းစားခဲ့ဖူးပါတယ်။ ဆယ်တန်းပြီးသွားတဲ့ တစ်နေ့ကျတော့ ကျနော်ဒီ အချိန်မှ English စာကိုသေချာမလုပ်ရင်မဖြစ်တော့ဘူးဆိုပြီးတော့ ဘယ် English သင်တန်းတက်ရင်ကောင်းမလဲစဥ်းစားခဲ့ပါတယ်။ ဒါပေမယ့် ကျနော် နောက်ဆုံးတော့ ဘယ်သင်တန်းမှ မတတ်ဖြစ်ဘဲ Self-Study လုပ်ဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အတွက်ပဲ ကျနော့်အနေနဲ့ ကိုယ်တိုင် English စာကိုစပြီးတော့လေ့လာဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ကျနော့်အနေနဲ့ English စာတစ်ခုတည်းအတွက်မကဘဲ ဘယ်ဘာသာရပ်မဆို Self-Study ဘယ်လိုလုပ်ရမလဲဆိုတာကို သိခဲ့ရပါတယ်။ နောက်ဆုံးမှတော့ ကျနော် တဖြည်းဖြည်း လေ့ကျင့်ရင်းနဲ့ English စာကို အတိုင်းအတာတစ်ခုထိရလာပြီးတော့ ပြောနိုင်ရေးနိုင်ခဲ့ပါတယ်။
ဒီ Course လေးမှာဆိုရင် ကျနော်လေ့လာခဲ့သမျှ Speaking နဲ့ပတ်သတ်တဲ့ English စာအခြေခံလေးတွေကို ကိုယ်တိုင်ရေးထားတဲ့ Story လေးတွေနဲ့ သင်ပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ဒီ Course လေးရယ့် အဓိက ရည်ရွယ်ချက်က English စာကို သင်တန်းပြီးသွားတဲ့အခါမှာ English စာကို ဒီသင်ပြပေးထားတဲ့ တစ်ကွက်တည်းမဟုတ်ဘဲ ဘဝမှာရေရှည် ဘယ်လိုဆက်လေ့လာမလဲဆိုတဲ့ Self-Study လုပ်နည်းလေးတွေကိုပါထည့်ပြီးတော့ သင်ကြားသွားပေးမှာပါဖြစ်ပါတယ်။
Course Features
- Lectures 14
- Quizzes 0
- Duration
- Skill level All levels
- Language Myanmar
- Students 2
- Certificate Yes
- Assessments Yes
-
အခန်း (၁)
-
အခန်း (၂)
-
အခန်း (၃)
-
အခန်း (၄)
-
အခန်း (၅)
-
အခန်း (၆)
-
အခန်း (၇)
-
အခန်း (၈)
-
အခန်း (၉)
-
အခန်း (၁၀)
-
အခန်း (၁၁)
-
အခန်း (၁၂)