Don’t Let Your Tools Limit You. (ကိုယ့်မှာ ပစ္စည်းမရှိလို့မလုပ်နိုင်ဘူးဆိုတာမဖြစ်ပါစေနဲ့)
ဒီ အဓိပ္ပာယ်ကဘာလဲဆိုတော့ သင့်အနေနဲ့ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကို ဒါဟာလေးမရှိလို့ ဒါမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ရယ့် လုပ်နိုင်စွမ်းကို မကန့်သတ်လိုက်ပါနဲ့။ ကျနော်တို့အခုလို IT ခေတ်ကြီးမှာ နည်းပညာတစ်ခုခုသိထားဖို့လိုပါတယ်။ ကိုယ့်အနေနဲ့ Facebook လေးတစ်ခုသုံးတတ်ရင်နဲ့ မရပ်တည်သင့်တော့ပါဘူး။ အခုခေတ်မှာ ကိုယ့်အနေနဲ့ ကိုယ်ပိုင် Website လေးတစ်ခုတော့ရှိသင့်ပါတယ်။ ကိုယ်ပိုင်နာမည်နဲ့ တုပလို့မရတဲ့ website မျိုးပေါ့။
ဒါမယ့် တော်တော်များများက Website လို့ပြောလိုက်တိုင်း ပြသာနာတစ်ခုကတော့ Computer မရှိဘူး ဘယ်လိုလုပ်ရမလဲဆိုပြီးတော့စကြသလို တချို့ကျတော့လဲ ဟာ ကုတ်ရေးရမှာ လက်ကွက်တောင်မရသေးဘူး ဘယ်လိုလုပ်ရမလဲက စကြပါတယ်။ ဒါမယ့် ဒီသင်တန်းလေးမှာတော့ အဲ့လိုမျိုးပြသာနာတွေရှိတော့မှာမဟုတ်ပါဘူး။ ကိုယ့်အနေနဲ့ကိုယ့်လက်ထဲမှာရှိတဲ့ ဖုန်းလေးတစ်ခုလုံးတည်းနဲ့ပဲ ကိုယ်တကယ်အပြင်မှာသုံးလို့ရတဲ့ Website မျိုးကို ကုတ်လုံးဝ(လုံးဝ) ရေးစရာမလိုဘဲ လုပ်ပြသွားမှာပါ။
ပုံမှန်အားဖြင့် Basic Programming သင်တန်းတွေကို သိန်းနဲ့ချီပြီးတက်ပေမယ့် သင်တန်းပြီးသွားချိန်မှာ အခြေခံလုပ်နည်းတွေကို သိသွားပေမယ့် တကယ့် လက်တွေ့ဘဝမှာ သုံးလို့ရတဲ့ Website တစ်ခုကိုလုပ်နည်းကိုပြောပြသွားမှာမဟုတ်ပါဘူး။ ဒီ သင်တန်းလေးမှာတော့ ကျနော်တို ့အနေနဲ့ ကိုယ်တကယ် လက်တွေ့မှာပါသုံးလို့ရတဲ့ Blog Website နဲ့ ကိုယ့်ရယ့် Portfolio Website အကြောင်းကို ကိုယ့်လက်ထဲမှာ အမြဲတမ်းရှိနေတဲ့ ဖုန်းတစ်ခုတည်းနဲ့လုပ်ပြပေးသွားမှာပါ။ ကျနော်တို့အနေနဲ့ Website လုပ်နည်းကိုပြသွားရုံတင်မကပါဘူး Website တစ်ခုလုပ်တဲ့အခါမှာမဖြစ်မနေ သောင်းနဲ့ချီပြီးတော့ကုန်နိုင်တဲ့ Domain နဲ့ Hosting Free ရမယ့်နည်းလမ်းလေးကိုပါထည့်ပြီးတော့ သင်သွားပေးမှာပါ။
ဒီလိုမျိုးအခွင့်အရေးမျိုးကို ဘယ်မှာမှ ရနိုင်ဥိးမှာမဟုတ်သလို တခြားဘယ်သင်တန်းမှာမှ မရှိသေးပါဘူး။ အခုလိုမျိုး Website တစ်ခုဖြစ်ဖို့အတွက် အပြင်က Freelancer တစ်ယောက်ယောက်ကို ငှားမယ်ဆိုရင် ၃ သိန်းနဲ့အထက် ကုန်ဦးမှာနော်။ ကဲ အဲ့လိုကုန်မယ့်အစားကိုယ့်အနေနဲ့ ကိုယ့်လက်ထဲကရှိတဲ့ ပစ္စည်းလေးကိုသုံးပြီးတော့ အကောင်းဆုံးဖြစ်အောင်ဖန်တီးလိုက်တော့နော်။
သင်တန်းအပ်နည်း
Course Features
- Lectures 12
- Quizzes 4
- Duration 2 Hours
- Skill level All levels
- Language Myanmar
- Students 28
- Certificate Yes
- Assessments Yes
-
အခန်း (၁)
-
အခန်း (၂)
-
အခန်း (၃)
-
အခန်း (၄)
-
အခန်း (၅)
-
အခန်း (၆)
-
အခန်း (၇)
-
အခန်း (၈)
-
အခန်း (၉)
-
အခန်း (၁၀)
-
အခန်း (၁၁)
-
အခန်း (၁၂)
2 Comments
My Domaiနေရာကနေရှာတော့ ဆရာ့vdထဲကလိုကျန်တော့်Domainကပေါ်မလာလို့။ဘယ်လိုဆက်လုပ်ရမလဲပြောပြပေးပါဦး
My Domain ထဲမပေါ်ရင် Domain Free ရအောင်လုပ်တာမအောင်လို့ပါ။ အဲ့လိုမျိုးဆိုရင် တစ်ချက်လောက်ပြန်ပြီးတော့ Domain Free ရအောင်လုပ်တဲ့ Step ကိုပြန်သွားရပါမယ်။